Map Graph

အပေါ်ပေါင်းလောင်း တာတမံ

နေပြည်တော်ပြည်ထောင်စုနယ်မြေနှင့်ရှမ်းပြည်နယ်ကြားရှိ တာတမံ

အထက်ပေါင်းလောင်း တာတမံသည် ပျဉ်းမနားမြို့မှ အရှေ့ဘက် ၄၀ km (၂၅ mi) အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိသည်။ ယင်းသည် နေပြည်တော် နယ်နမိတ်နှင့် ရှမ်းပြည်နယ်ကြားတွင် ထိစပ်သည်။ တာတမံ၏ အဓိကရည်ရွယ်ချက်မှာ ရေအားလျှပ်စစ်ဖြစ်ပြီး ၁၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်ပေးနိုင်သည်။ တာတမံအား ဇန်နဝါရီ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ အောက်တိုလတွင် ကွန်ကရစ်ခင်းခြင်း ပြီးဆုံးသည်။ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် မျော်မှန်းထားသည်။ ပြီးဆုံးပါက အောက်ပေါင်းလောင်း တာတမံရှိ ဓာတ်အားပေးစက်ရုံအား ရေစီးရေလာ ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။

Read article
ဖိုင်:UPL_station.jpgဖိုင်:Myanmar_relief_location_map.jpg